ကြည့်ပါ။ နောက်ဆုံးအချက်အလက်များ ပါဝင်သည့် Readme ဖိုင် http://www.openoffice.org/welcome/readme.html
အသုံးပြုသူသို့-
ဤဖိုင်တွင် ပရိုဂရမ်နှင့် ပတ်သက်သည့် အရေးကြီး သတင်းအချက်အလက်များ ပါဝင်သည်။ လုပ်ငန်းမစတင်မီ ဤသတင်းအချက်များကို သေချာစွာ ဖတ်ပေးပါ။
OpenOffice.org အဖွဲ့အစည်းအနေဖြင့် ဤဆော့ဖ်ဝဲ အောင်မြင်တိုးတက်မှု ရှိစေရန် တာဝန်ရှိသည်။ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရန် အဖွဲ့ဝင်သစ်များကို ဖိတ်ခေါ်ပါသည်။ အဖွဲ့ဝင်သစ်အနေဖြင့် အသုံးပြုသူအတွက် ရေးသားထားသည့် သတင်းအချက်များကို ဖတ်ရှုပြီး OpenOffice.org ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။
http://www.openoffice.org/about_us/introduction.html
OpenOffice.org လုပ်ငန်းစဉ်တွင် ပါဝင်သည့် အကြောင်းအချက်များကို အပိုင်းငယ်များပိုင်း၍ ဖတ်ပါ။
မည်သူမဆို OpenOffice.org ကို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ OpenOffice.org ကို ကူးယူ၍ သင်နှစ်သက်ရာ ကွန်ပျူတာ အမြောက်အများတွင် စိတ်ကြိုက် ထည့်သွင်းနိုင်ပြီး စီးပွားရေးလုပ်ငန်း၊ အစိုးရဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၊ ပညာရေးဆိုင်ရာ နေရာများအပါအဝင် မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ပါသည်။ ပိုမို အသေးစိတ်ကျသော အချက်အလက်များအတွက် OpenOffice.org နှင့်အတူ ခွင့်ပြုချက်စာသားတွင် ကြည့်ရှု နိုင်ပါသည်။ (သို့)http://www.openoffice.org/license.html
မည်သည့် အခကြေးငွေမှ ပေးဆောင်ရန် မလိုဘဲ OpenOffice.org ကိုကူယူး၍ သင်အသုံးပြု နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပါဝင်ကူညီသူများ အနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းကို ထောက်ပံ့ကူညီသူများအနေဖြင့်လည်းကောင်း OpenOffice.org ဖြစ်တည်နိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲမှုများ၊ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ချက်များ၊ စမ်းသပ်စစ်ဆေးမှုများ၊ ဘာသာပြန်မှုများ၊ မှတ်တမ်းမှတ်ရာများ၊ ထောက်ပံ့ကူညီမှုများ၊ ဈေးကွက် အစရှိသည်တို့တွင် နည်းအမျိုးမျိုးဖြင့် အကူအညီပေးခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ပါဝင်ကူညီသူများ၏ အားစိုက်ထုတ်မှု ကို အသိအမှတ်ပြုသည့် အနေဖြင့် အနာဂတ်တွင် OpenOffice.org အောင်မြင်စွာ ဆက်လက်ရပ်တည်စေနိုင်ရန် ဤလုပ်ငန်းစဉ်တွင် ကျေးဇူးပြု၍ ပါဝင်ကူညီပါ။ ကြည့်ပါhttp://contributing.openoffice.orgအသေးစိတ်အချက်အလက်များအတွက် - မည်သူမဆို ပါဝင်ဆောင်ရွက်မှုပြုနိုင်ရန်
စနစ်လိုအပ်ချက်များ -
Linux ကို နည်းမျိုးစုံဖြင့် ဖြန့်ဝေမှု ပြုနိုင်ပါသည်။ ဖြန့်ဝေမှု ပုံစံ တူညီလျှင်သော်မှ ထည့်သွင်းမှု ပုံစံများ ကွဲပြားနိုင်ပါသည်။ (KDE နှင့်Gnome အစရှိသဖြင့်) OpenOffice.org၏ ‘မူလ’ ဗားရှင်းနှင့်အတူ ဖြန့်ဝေမှုများပြုနိုင်ပြီး Community OpenOffice.org မှလည်း ကွဲပြားခြားနားသော လက္ခဏာရပ်များ ရရှိနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ‘မူလ’ ဗားရှင်းအနေဖြင့် Community OpenOffice.org ကိုအသုံးပြုနိုင်ပါသည်။ သို့သော် Community ဗားရှင်းကို ထည့်သွင်းမှုမပြုမီ စိတ်ချလုံခြုံမှုရှိစေရန်အတွက် မူလဗားရှင်းကို ဖယ်ရှားရန် လိုအပ်ပါသည်။ သင်၏ ဖြန့်ဝေမှုအတွက် မည်သို့လုပ်ဆောင်ရမည်ဆိုသည့် ပိုမိုအသေးစိတ်ကျသော အချက်အလက်များကို သိရှိနိုင်ရန် မှတ်တမ်းမှတ်ရာများကို လေ့လာမှုပြုပါ။
ဆော့ဖ်ဝဲ ထည့်သွင်းမှု (သို့) ဖယ်ရှားမှုများ မပြုမီ သင်၏စနစ်များကို အရံဖိုင်များအနေဖြင့် အမြဲတမ်းကူးယူထားရန် အကြံပေးလိုပါသည်။
Berkeley ဒေတာဘေ့စ်အင်ဂျင်သည် OpenOffice.org ၏ပိုကောင်းသောဗားရှင်းသို့ပြောင်းပြီးဖြစ်သည်။ အကယ်၍ သင်သည် OpenOffice.org ၏ဗားရှင်းကို အဟောင်းတစ်ခုသို့ ပြောင်းလိုက်လျှင် တိုးချဲ့မှုများထည့်သွင်းခြင်း၏ အသုံးပြုသူ အချက်အလက်များနှင့် သဟဇာတမဖြစ်သော အသစ်လုပ်ထားသော ဗားရှင်းရှိ ဒေတာဘေ့အင်ဂျင်သည် OpenOffice.org ဗားရှင်း ၃.၂ မဖြစ်ခင် သင့်လုပ်ဆောင်ချက်လိုအပ်သည်။
တိုးချဲ့မှုများထည့်သွင်း (သို့) ဖယ်ရှားသောအခါ OpenOffice.org၏ဗားရှင်းသည် တိုးချဲ့မှုဒေတာဘေ့စ်ကို Berkeleyဒေတာဘေ့စ်အသစ်သို့ ပြောင်းမည်။ ဤပြောင်းလဲခြင်းပြီးနောက် ဒေတာဘေ့စ်ကို OpenOffice.org၏ပိုဟောင်းသောဗားရှင်းနှင့် မဖတ်နိုင်တော့ပါ။ အစောပိုင်းဗားရှင်းသို့ ပြောင်းလိုက်ခြင်းသည် ထည့်သွင်းခြင်းကောင်းစွာ မလုပ်ဆောင်နိုင်မှု၏ ရလဒ်ဖြစ်သည်။
OpenOffice.org၏ အစောပိုင်းဗားရှင်းအား အသုံးပြုရန် အသုံးပြုသူ၏ အချက်အလက်ဒိုင်ယာထရီ {user data}/uno_packages အား ဖယ်ရှားရမည်။ ဥပမာအနေဖြင့် ~/.openoffice.org/3/user/uno_packages နှင့် တိုးချဲ့မှုများအားလုံး ပြန်လည်ထည့်သွင်းပါ။
OpenOffice.org စတင်အသုံးပြုစဉ် ပြသာနာဖြစ်ပွားပါက (Gnome ကိုအသုံးပြုစဉ် အများဆုံး ဖြစ်နိုင်ချေရှိသည်)ကျေးဇူးပြု၍ SESSION_MANAGER ကို shell အတွင်းတွင် OpenOffice.org ကိုစတင်အသုံးပြုမှုမှ ‘ထုတ်ပယ်ပါ’ "[office folder]/program" ဒိုင်ယာထရီရှိ soffice shell script ဖိုင်စတင် အသုံးပြုရန် "unset SESSION_MANAGER " ကို ဖြည့်စွက်ပါ။
OpenOffice.org စတင်စဉ် အခက်အခဲများ ဖြစ်ပွားသည်။ (ဥပမာ- အသုံးချပရိုဂရမ် ရပ်တန့်သွားမှု) ဂရပ်ဖစ်ကတ် ဒရိုင်ဘာ ချို့ယွင်းချက် ကဲ့သို့သော ပြဿနာများ ဖြစ်ပွားသည်။ ဤကဲ့သို့ ပြသာနာများ ဖြစ်ပွားပါက သင့် ဂရပ်ဖစ်ကတ်ဒရိုင်ဘာကို နောက်ဆုံးပေါ်အချက်အလက်များဖြင့် ဖြည့်စွက်ပါ (သို့) သင့်လုပ်ဆောင်မှု စနစ်နှင့်အတူ ဂရပ်ဖစ်ကတ် ဒရိုင်ဘာကို အသုံးပြုပါ။ သုံးဖက်မြင် အရာ၀တ္ထုများကို ကြည့်ရှုစဉ် အခက်အခဲများ ဖြစ်ပွားပါက 'ကိရိယာများ - ရွေးပိုင်ခွင့်များ - OpenOffice.org - မြင်ကွင်း - သုံးဖက်ြမင်ကွင်း' အောက်မှ "OpenGL" ကို အသုံးပြု ဖြေရှင်းနိုင်ပါသည်။
OpenOffice.org တွင် OpenOffice.org 1.x နှင့် OpenOffice.org 3.2 ကြား အလုပ်မလုပ်နိုင်မှုများကို ကလစ်ဘုတ်ကို ဖြတ်သန်းလျက် ကော်ပီးကူးယူ ပြန်ထည့်ပြီး မှတ်သားပါ။ ဤအဖြစ်အပျက်များ ဖြစ်ပွားပါက 'တည်းဖြတ်ပါ - အထူးကူးယူပြန်ထည့်မှု' ကို ရွေးချယ်ပါ။ (သို့) OpenOffice.org 3.2 ရှိ မှတ်တမ်းမှတ်ရာများကို တိုက်ရိုက်ဖွင့်ကြည့်ပါ။
သင့်စနစ်ရှိ ယာယီ ဒိုင်ယာထရီတွင် မှတ်ညဏ်နေရာလွတ် လုံလောက်မှု ရှိသည်မှာ သေချာပါသလား။ ဖတ်ရန်၊ ရေးသွင်းရန် နှင့် လုပ်ဆောင်မှုများ ပြုရန် အခွင့်အရေး ရှိပါသလား။ ထည့်သွင်းလုပ်ဆောင်မှုများ မပြုမီ အခြား ပရိုဂရမ်များ အားလုံးကို ပိတ်ပါ။
OpenOffice.orgတွင် အတိုနည်းများကိုသာ အသုံးပြုရန် လုပ်ဆောင်မှုစနစ်အနေဖြင့် မဖြစ်နိုင်ပါ။ OpenOffice.orgရှိ အတိုနည်းများ ဖော်ြပလုပ်ဆောင်မှု မပြုလျှင် စနစ်လုပ်ဆောင်မှုအနေဖြင့် အတိုနည်းများ အသုံးပြုပြီး ဖြစ်မဖြစ်ကို စစ်ဆေးပါ။ မှားယွင်းမှုများကို ပြင်ဆင်ရန် သင့်စနစ်လုပ်ဆောင်မှုအနေဖြင့် အချက်အလက်သော့ချက်များ ပြောင်းလဲထည့်သွင်းမှု ပြုပါ။ OpenOffice.orgရှိ မည်သည့် အချက်အလက်သော့ချက်ကို မဆို ပြောင်းလဲထည့်သွင်းနိုင်သည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ အခြားသတင်းအချက်အလက်များကို ရယူရန် OpenOffice.org(သို့)သင့်လုပ်ဆောင်မှုစနစ်၏ မှတ်တမ်းမှတ်ရာများမှ အကူအညီယူပါ။
ပလက်ဖောင်း မျိုးစုံပေါ်ရှိ အချက်အလက်သွင်းမှု နည်းလမ်းများ ဆန့်ကျင်ကွဲလွဲမှု ဖြစ်စဉ်အရ နောက်ဆုံးမိနစ်တွင် အောက်ဖော်ပြပါ အတိုနည်းလမ်းများ ပြောင်းလဲရန် လိုအပ်သည်။
နဂိုမူလပြင်ဆင်ချိန်ညှိမှုတွင်OpenOffice.org ရှိဖိုင်အား သော့ခတ်ထားမှုကို ဖွင့်ပါ။ သင့်လျော်သောလုပ်ဆောင်မှုများပြုရန် SAL_ENABLE_FILE_LOCKING=0 ကိုအသုံးပြုပါ။ SAL_ENABLE_FILE_LOCKING ကို တင်ပို့ပါ။ ဤလုပ်ဆောင်ချက်များကို လက်ရေးမူစာ ဖိုင်တွင် လုပ်ဆောင်မှုပြုပြီး ဖြစ်သည်။
သတိပေးချက် - Linux NFS 2.0 ချိတ်ဆက်မှုတွင် Solaris 2.5.1 နှင့် 2.7 အသုံးပြုမှုနှင့်အတူ ဖိုင်ကန့်သတ်တားမြစ်မှုများ ဖြစ်ပေါ်သည်။ သင့်စနစ်ဝန်းကျင်တွင် ဤကိုယ်စားပြုတန်ဖိုးများရှိလျှင် ဖိုင်ကန့်သတ်တားမြစ်မှု လက္ခဏာရပ်များ အသုံးပြုမှုကို ရှောင်ရှားရန် ပြင်းထန်စွာ သတိပေးလိုပါသည်။ အခြားတစ်ခုအနေဖြင့် Linux ကွန်ပျူတာရှိ NFS ဒိုင်ယာထရီမှ ဖိုင်တစ်ခုကို ဖွင့်ရန် ကြိုးပမ်းစဉ် OpenOffice.org ရပ်တန့်မှု ဖြစ်ပွားလိမ့်မည်။
OpenOffice.org ရှိ သတင်းအချက်အလက် သွင်ြပင်လက္ခဏာရပ်များ ရယူရန်အတွက် ကြည့်ပါ။http://www.openoffice.org/access/.
ဆော့ဖ်ဝဲ ထည့်သွင်းမှုပြုသောအခါ ထုတ်ကုန် မှတ်ပုံတင်မှုပြုရန် အချိန်အနည်းငယ် ရယူပါ။ မှတ်ပုံတင်ရန် ရွေးချယ်မှုများပြုစဉ် ၊ ဆောဖ်ဝဲ ပိုမိုကောင်းမွန်စေရန်အတွက် သတင်းအချက်အလက်များ အသုံးပြုနိုင်ရန်နှင့် အသုံးပြုသူ၏ လိပ်စာကို တိုက်ရိုက်ထည့်သွင်းစဉ်ကတည်းက မှတ်ပုံတင်မှုပြုရန် သင့်အား ကျွန်ုပ်တို့ အားပေးပါသည်။ သင့်၏ ကိုယ်ရေးအချက်အလက်များ စိတ်ချလုံခြုံမှု ရှိစေရန် OpenOffice.org အဖွဲ့အစည်းမှ တာဝန်ယူပါသည်။ သင်၏ မှတ်ပုံတင် ထည့်သွင်းမှု မှားယွင်းလျှင် အဓိက မီးနူးမှ ‘‘အကူအညီယူရန် - မှတ်ပုံတင်မှု’’ ကို ရွေးချယ်ဖတ်ရှုပြီး ပြန်လည် လုပ်ဆောင်နိုင်ပါသည်။
အွန်လိုင်းရှိ User Survey သည် သင့်အား အကူအညီပေးနိုင်ပါသည်။ User Survey ၏ ရလဒ်များသည် ရှေ့လာမည့် ရုံးသုံးအစီအစဉ်များ ဖန်တီး တည်ဆောက်မှုအတွက် စံပုံစံအသစ်အနေဖြင့် OpenOffice.orgအား လျင်မြန်စွာ အကူအညီ ပေးပါလိမ့်မည်။ သင်၏ ကိုယ်ရေးအချက်အလက်များ လုံခြုံစိတ်ချမှုရှိစေရန် OpenOffice.org အဖွဲ့အစည်းမှ ၎င်း၏ ကိုယ်ရေးလွတ်လပ်ခွင့် မူဝါဒများကို ဖြတ်သန်းလျက် ကြိုတင်ဆောင်ရွက်ထားပါသည်။
အဓိက ပံ့ပိုးမှု စာမျက်နှာhttp://support.openoffice.org/OpenOffice.org ကို အကူအညီပေးရန်အတွက် ဖြစ်နိုင်ခြေ အမျိုးမျိုးကို ညွှန်းဆိုပါသည်။ သင်မေးမြန်းထားသည်များကို ပြန်လည် ဖြေကြားမှု ပြုပြီး ဖြစ် မဖြစ်ကို အဖွဲ့အစည်း ဖိုရမ်တွင် စစ်ဆေးပါ။http://user.services.openoffice.org(သို့) 'users@openoffice.org' ၏ အီးမေးလ်စာများနှင့် လိပ်စာများ ရှာဖွေမှုတွင်http://www.openoffice.org/mail_list.htmlသို့ သင့်မေးမြန်းချက်များ ပေးပို့နိုင်ရန်users@openoffice.orgအီးမေးလ် တုန့်ပြန့်မှု ရရန် မည်သို့ သီးခြားစာရင်းပြုစုရမည်ကို ဤစာမျက်နှာပေါ်တွင် ရှင်းပြထားပါသည်http://wiki.services.openoffice.org/wiki/Website/Content/help/mailinglists.
FAQ အပိုင်းကို စမ်းသပ်စစ်ဆေးမှုများ ပြုသော်လည်းhttp://wiki.services.openoffice.org/wiki/Documentation/FAQ.
OpenOffice.org ဝဘ်ဆိုဒ်၏ အိမ်ရှင် IssueZilla သည် ကျွန်ုပ်တို့ စက်ကိရိယာများ မှတ်တမ်းတင်မှုပြုရန်၊ လမ်းကြောင်းသွားလာမှုများပြုရန်၊ အမှားများ ဖြေရှင်းမှုပြုရန်နှင့် ထုတ်ဝေမှုများပြုရန်အတွက်ဖြစ်သည်။ အသုံးပြုသူအားလုံး သုံးစွဲခွင့်ရရန်နှင့် သင်၏ သီးခြား ပလက်ဖောင်းပေါ်ရှိ မှတ်တမ်းများ ထုတ်ဝေမှုပြုရန် ကြိုဆိုပါသည်။ အကျိုးသက်ရောက်မှုရှိသည့် မှတ်တမ်းများ ထုတ်ဝေမှုသည် အသုံးပြုအဖွဲ့အစည်း ဖွံ့ ဖြိုးတိုးတက်မှုပြုရန် အရေးကြီးဆုံးသော အကြောင်းအချက်တစ်ခု ဖြစ်သည်။
အရေးကြီး ရင်းမြစ် ပရောဂျတ်များ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် သင်၏ပါဝင်လုပ်ဆောင်ချက်များမှ OpenOffice.org အဖွဲ့အစည်းကို များစွာ အကျိုးကျေးဇူး ရှိစေပါသည်။
အသုံးပြုသူတစ်ဦးအနေဖြင့် သင့်တော်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များ၏ တန်ဖိုးရှိသော အစိတ်အပိုင်းများကို ပြုပြီးဖြစ်သည်။ အဖွဲ့အစည်း၏ အရေးကြီးသော အခန်းကဏ္ဏများတွင် ရေရှည် ပါဝင်ကူညီမှု ပြုနိုင်ပါသည်။ ကျေးဇူးပြု၍ ချိတ်ဆက်မှုပြုပြီး အသုံးပြုသူ၏ စာမျက်နှာအား စစ်ဆေးမှုပြုပါ။http://www.openoffice.org
စတင်ဖြန့်ဝေရန်အကောင်းဆုံးနည်းလမ်းသည် မေးလ်စာရင်းရှိ တစ်ခု(သို့) တစ်ခုထက်ပိုသောမေးလ်များသို့ ဆက်ရန် ဖြစ်သည်။OpenOffice.orgရင်းမြစ်ကုဒ်ကို အောက်တိုဘာ ၂၀၀၀ ကတည်းကထွက်သောခေါင်းစဉ်များနှင့် ရင်းနှီးအောင် သိမ်းထားသောမေးလ်များကို ဖြည်းဖြည်းအသုံးပြုပါ။ အဆင်ပြေသောအခါ လုပ်ရန်လိုအပ်ချက်အားလုံးကို ကိုယ်တိုင်မိတ်ဆက်ခြင်းသို့ မေးလ်တစ်ခု ပို့ပါ။ အကယ်၍သင်သည် Open Source ပရောဂျက်နှင့် ရင်းနှီးလျှင်၊ကူညီရန် တစ်စုံတစ်ခုလိုချင်လျှင် ကျွန်ုပ်တို့၏To-Dos စာရင်းမှ ကြည့်ပါ။http://development.openoffice.org/todo.html.
ဤနေရာတွင် ပရောဂျတ်နှင့်ပတ်သတ်သည့် အီးမေးလ်စာရင်း အချို့ကို သင်သဘောတူညီနိုင်သည် http://www.openoffice.org/mail_list.html
ဆော့ဖ်ဝဲဒီဇိုင်း (သို့) ကုဒ်ရေးသွင်းမှုများ ပြုရန် ကန့်သတ်တားမြစ်မှုများ ရှိလျှင်သော်မှ အဓိက အရေးကြီးသည့် ရင်းမြစ် ပရောဂျတ်များကို ဖွင့်ရန် အကြောင်းအချက်များ ပါဝင်ရေးသားမှုပြုနိုင်ပါသည်။
တွင်http://projects.openoffice.org/index.htmlနယ်ပယ်တစ်ခုအတွင်းမှ ကန့်သတ်တားမြစ်ထားသည့် ပရောဂျက်များကို သင်ရှာဖွေရမည်။ ပို့တင်းနှင့်ဂရုဝဲလ် တို့သည် စစ်မှန်သည့် ကုဒ်ဒင်ပရောဂျက်အချို့ဖြစ်သည်။ သင်သည် ဖန်တီးသူတစ်ယောက်မဟုတ်ပါက မှတ်တမ်းမှတ်ရာများ (သို့) ဈေးကွက်ပရောဂျက်များကို ကြိုးပမ်းပါ။OpenOffice.org ဈေးကွက် ပရောဂျက်သည် ဂါရီလာနှင့် သမရိုးကျ အဖွဲ့အစည်းနည်းပညာများပေါ်တွင် ဈေးကွက်ဆိုင်ရာ ဆော့ဖ်ဝဲများဖွင့်လှစ်အသုံးပြုရန် သက်ရောက်မှုရှိသည်။
ဤနေရာတွင် ဈေးကွက် ဆက်သွယ်ဆောင်ရွက်မှုများပြုရန် နှင့် သတင်းအချက်အလက် ကွန်ယက်ချိတ်ဆက်မှုများပြုရန် အကူအညီ ရယူနိုင်ပါသည်။ http://marketing.openoffice.org/contacts.html သင့် နိုင်ငံအတွင်းရှိ မီဒီယာ၊ အစိုးရအဖွဲ့အစည်း၊ အေဂျင်စီ၊ စီးပွားရေးလုပ်ငန်းများ၊ စာသင်ကျောင်းများ၊ လင်းနစ်ဇ် အသုံးပြုသူ အုပ်စုများ၊ ဖွံဖြိုးတိုးတက်ရန် လုပ်ဆောင်သူများ၊ ပြည်တွင်းရှိ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုပြုနိုင်သည့် နေရာဖြစ်သည်။
OpenOffice.org 3.2 အသစ်ဖြင့် လုပ်ဆောင်ရသည်ကို သင်ကျေနပ်မှု ရှိမည်ဟု မျှော်လင့်ပါသည်။ အွန်လိုင်းမှတဆင့် ချိတ်ဆက်မှုများပြုပါ။
OpenOffice.org အဖွဲ့အစည်း
အပိုင်းကဏ္ဏများ မူပိုင်ခွင့် 1998, 1999 James Clark. အပိုင်းကဏ္ဏများ မူပိုင်ခွင့် 1996, 1998 Netscape ဆက်သွယ်မှုဆိုင်ရာ အဖွဲ့အစည်း။.